• This is Slide 1 Title

    This is slide 1 description. Go to Edit HTML and replace these sentences with your own words. This is a Blogger template by Lasantha - PremiumBloggerTemplates.com...

  • This is Slide 2 Title

    This is slide 2 description. Go to Edit HTML and replace these sentences with your own words. This is a Blogger template by Lasantha - PremiumBloggerTemplates.com...

  • This is Slide 3 Title

    This is slide 3 description. Go to Edit HTML and replace these sentences with your own words. This is a Blogger template by Lasantha - PremiumBloggerTemplates.com...

Monday, June 29, 2015

မိုးယံကြယ် On line ကြော်ငြာဝန်ဆောင်မူလုပ်ငန်း

မင်္ဂလာပါ
Post boost လုပ်မယ်ဆိုရင်
Facebook post Boost အထူးဝန်ဆောင်မှု
၎ရက် - ၁၀၀၀၀ကျပ်
၈ရက် - ၂၀၀၀၀ကျပ်
၁၀ရက် - ၂၅၀၀၀၀ကျပ်
Page boost 20$ ကို၃၀၀၀၀
Page boost 15$ ကို၂၃၀၀၀
Page boost 10$ ကို၁၈၀၀၀
Page boost 5$ ကို၉၀၀၀

လုပ်ဆောင်မည်ဆိုရင်
https://www.facebook.com/moeyanstar
ကိုအပ်ပေးပါ ပြီးရင်လူကြီးမင်းpageမှာ advertiser roles ပေးပေးပါထို့နောက်ကြော်ငြာချင်သောpostကိုပြပေးနိုင်ပါတယ်postဝန်ဆောင်မူ့အတွက်CB Bank
တွင်ငွေသွင်းပေးနိုင်ပါတယ်
ဆက်သွယ်ရန်ဖုန်း0943179985,09790446057

ယောဂကို ကျင့်ကြစို့ .


https://www.facebook.com/myanmaryoga?fref=ts
စိတ်ညစ်နေတာတွေ ပြေပျောက်စေဖို့ ယောဂကို ကျင့်ကြစို့ ......
စိတ်ညစ်စရာအားလုံးပြေပျောက်စေပြီး ကျန်းမာရွှင်လန်းသောစိတ်နှလုံးကို ပိုင်ဆိုင်စေပါသည်။ တင်ပါးစုံ နှင့် ဒူးကို အားဖြည့်စေပါသည်။
Like & Share လုပ်နိုင်ပါသည်

Sunday, May 24, 2015

စစ်မှန်စွာ နေထိုင်သူတို့ရဲ့ အမူအကျင့် ၁၀ ချက်

စစ်မှန်စွာ နေထိုင်သူတို့ရဲ့ အမူအကျင့် ၁၀ ချက်
လုပ်ငန်းတစ်ခု တည်ဆောက်နေတာပဲဖြစ်ဖြစ်၊ မိတ်ဆွေ အပေါင်းအသင်း ရှာဖွေနေတာပဲဖြစ်ဖြစ်၊ မိတ်ဆွေ သူငယ်ချင်း ပေါင်းသင်းဆက်ဆံရေး တည်ဆောက်နေတာပဲဖြစ်ဖြစ်၊ ခင်ဗျာ အနေနဲ့ စစ်မှန်စွာ နေထိုင်သူတွေကို ရှာဖွေပါလိမ့်မယ်။ တကယ်တမ်းတော့ ဘယ်သူကမှ လိမ်ညာ ဟန်ဆောင် တတ်သူတွေနဲ့ အလုပ်မလုပ်ချင်ကြပါဘူး။ အဲဒီတော့ တဖက်က ပြန်ကြည့်ရင် သူတို့ကလဲ စစ်မှန်စွာ နေထိုင်သူ တွေနဲ့ပဲ အလုပ်တွဲ လုပ်ချင်မှာပါ။ တနည်းအားဖြင့် ခင်ဗျား ကိုယ်တိုင်လဲ စစ်မှန်စွာ နေထိုင်တတ်ဖို့လိုတာပေါ့။ ဒါပေမယ့် ခင်ဗျားအနေနဲ့ ကိုယ်ကရော စစ်စစ်မှန်မှန်ရှိရဲ့လားဆိုတာမျိုး စဉ်းစားမိမှာ မဟုတ်ဘူး ဆိုတာ သိပ်သေချာပါတယ်။
တကယ်လို့များ စစ်မှန်စွာ နေထိုင်သူ (Genuine) ဆိုတာဘာလဲ လို့ စဉ်းစားနေတယ် ဆိုရင် သူနဲ့ အဓိပ္ပါယ်တူတဲ့ တခြားစကားလုံးတွေကတော့ လက်တွေ့ သဘာဝကျသူ၊ အမှန်အတိုင်း နေထိုင်သူ၊ ရှင်းလင်းစွာ ပေါင်းသင်းဆက်ဆံသူ၊ ရိုးသား ဖြောင့်မှန်သူ ဆိုတာတွေပဲ ဖြစ်ပါတယ်။ စစ်မှန်စွာ နေထိုင်သူတွေဟာ သူတို့ရဲ့ အတွင်းစိတ်နဲ့ အပြင်ပန်း ပြုမူဆောင်ရွက်မှု အနည်းနဲ့ အများ ဆိုသလို တူညီကြပါတယ်။ ခက်တာက ဒီအရည်အချင်းကို ခွဲခြား သတိပြုမိဖို့ အင်မတန် ခက်ပါတယ်။ ပြသနာက လူသားတိုင်းရဲ့ တုန့်ပြန်မှုတွေဟာ အခြေအနေပေါ် အမြဲ မူတည်နေတာပါ။ ကျွန်တော်တို့ရဲ့ တခြားတစ်ယောက်ပေါ် ထားရှိတဲ့ အမြင်တွေဟာ ကျွန်တော်တို့ အဲဒီိ လူကို ဘယ်လို ရည်ရွယ်၊ သတ်မှတ်ထားသလဲ ဆိုတဲ့အပေါ် မူတည်ပြီိး ဖြစ်ပေါ်နေတတ်တာမျိုးပါ။
စစ်မှန်စွာ နေထိုင်တယ် ဆိုတာ တကယ်ကို ရှားပါးတဲ့ အရည်အသွေးပါ။ လူလိမ်တွေ၊ အလွန်အကျွံ ကြော်ငြာတဲ့ မီဒီယာတွေ၊ တကယ်မဟုတ်တဲ့ ဟန်ဆောင် အကျင့်စရိုက်နဲ့ နေထိုင်သူတွေ၊ အကောင်းမြင်သူတွေ၊ နာမည်ကြီိးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြည့်နှက်နေတဲ့ လောကမှာ လူတိုင်းဟာ သူတို့ဆီမှာ မရှိတာကို လိုချင်ကြပါတယ်။ ဘယ်သူကမှ ကိုယ်ရဲ့ လက်တွေ့ တကယ့် ဘဝကို ကျေနပ်စွာနဲ့ ပျော်ရွှင်တာမျိုး မရှိကြပါဘူး။ အဲဒီထက်ကိုမှ ပိုပြီိး အရေးကြီးတာက ဒီလို လိုချင်မှုတွေ၊ ဟန်ဆောင်မှုတွေ၊ မပျော်ရွှင်မှုတွေ ရှိနေတယ် ဆိုတာကို ဘယ်သူမှ ဝန်မခံချင်ကြပါဘူး။ ဒါကြောင့်မို့လဲ မိမိသဘာဝအတိုင်း စစ်မှန်စွာ နေထိုင်တတ်သူဆိုတာ တဖြည်းဖြည်း ရှားသထက် ရှားလာပါတယ်။
ဒီလိုရှားပါးတဲ့ စိတ်နေစိတ်ထားရှိသူတွေ ကို ရှာဖွေတွေ့ရှိနိုင်ဖို့၊ ခင်ဗျားကိုယ်တိုင်လဲ ကိုယ့်ကိုယ်ကို သုံးသပ်နိုင်ဖို့ အတွက် စစ်မှန်စွာ နေထိုင်သူတွေ လုပ်လေ့ရှိတဲ့ ကိစ္စတွေကို အောက်မှာ တွေ့နိုင်ပါတယ်။

၁။ စစ်မှန်စွာ နေထိုင်သူတွေဟာ တခြားလူတွေ သူတို့ကို အာရုံစိုက်အောင် ကြိုးစားမနေပါဘူး
သူတို့တွေဟာ သူတို့ရဲ့ အတ္တမာန (တနည်းအားဖြင့်) ဖြစ်တည်မှုကို အဆက်မပြတ် တည်ဆောက်နေစရာ မလိုပါဘူး။ တခြားလူတွေရဲ့ အာရုံစိုက်မှုကို တောင်းတသူတွေကတော့ သူတို့ဆီမှာ ဘယ်သောအခါမှ မပြည့်နိုင်တဲ့ လိုအပ်ချက်ကြီိး ရှိနေပြီး အဆက်မပြတ်ကို ဖြည့်ဆည်းနေရလေ့ ရှိပါတယ်။ စစ်မှန်စွာ နေထိုင်သူတွေကတော့ သူတို့ကိုသူတို့ယုံကြည်မှု ၊ ကိုယ့်ကိုယ်ကို သတိနဲ့ စောင့်ကြည့် မှုတို့နဲ့ လိုအပ်ချက်တွေ မရှိဘဲ ပြည့်စုံပြီး ဖြစ်ပါတယ်။
၂။ သူတို့ကို တခြားလူတွေ နှစ်သက်ခြင်း မနှစ်သက်ခြင်း အပေါ်မှာ စဉ်းစားမနေပါဘူး
ကိုယ့်ကိုယ် တခြားလူတွေ ကြိုက်ဖို့၊ သဘောကျဖို့ လိုအပ်တယ် ဆိုတာဟာ မလုံခြုံမှုနဲ့ အမြဲ လိုချင်နေမှုတွေက မွေးဖွားလာတဲ့ စိတ်ပါ။ အဲဒီ စိတ်ကပဲ တကယ်မဟုတ်တဲ့ လိုအပ်ချက်တွေကို ကိုယ်ကိုယ်တိုင်ရော တခြားလူတွေရဲ့ စိတ်ခံစားချက်တွေကိုရော လှည့်စားဖို့အတွက် ဖန်တီးပါတယ်။ ယုံကြည်မှုရှိပြီး စစ်မှန်စွာ နေထိုင်တဲ့သူတွေ ဟာ ကိုယ့်ဟာကိုယ် နေတတ်သလိုပဲ နေပါတယ်။ ခင်ဗျား သူတို့ကို သဘောကျတယ် ဆိုရင်လဲ သူတို့အတွက် ဘာပြသနာမှမရှိပါဘူး။ ခင်ဗျား သဘောမကျဘူးဆိုရင်ရော.. အဲဒါလဲပဲ သူတို့အတွက် တကယ်ကို ဘာပြသနာမှမရှိဘဲ အဆင်ပြေနေမှာပါပဲ။
၃။ တခြားလူတွေ ဟန်ဆောင်ပန်ဆောင် အလွန်အကျွံတွေ လုပ်တဲ့အချိန်မှာ သူတို့ သိကြတယ်
လူ့သဘာဝကို မဆုံးဖြတ်တတ်သူတွေ အတွေ့အကြုံမရှိသူတွေ အနေနဲ့ အလွယ်တကူ အရူးလုပ်ခံရနိုင်ပေမယ့် စစ်မှန်စွာ နေထိုင်သူတွေကတော့ ဟန်ဆောင်ခြင်းမရှိဘူး ။ စစ်မှန်စွာ နေထိုင်သူတွေဟာ ဘာမှမသိတဲ့ သူမျိုး မဟုတ်ပါဘူး။ သူတို့ဟာ တကယ့် လက်တွေ့ပေါ် အခြေခံထားစဉ်းစားတတ်ပြီး အဲဒီအတွက်ကြောင့်လဲ ကိစ္စတွေ သဘာဝ မကျတဲ့ အခါ မဖြစ်နိုင်တဲ့အခါ သူတို့ ချက်ခြင်း သိပါတယ်။ ဒါဟာ တော်တော် ကွဲပြားတဲ့ကိစ္စပါ။
၎။ သူတို့ဟာ သူတို့ရဲ့ ရုပ်ရည်ပုံသဏ္ဍန်နဲ့ ပါတ်သက်ပြီိး သက်တောင့်သက်သာ ရှိပါတယ်
သရုပ်ဆောင် Leonard Nimoy က သူ့အသက် ၇၀ နောက်ပိုင်းမှာ Spock (အသက်အလွန်ရှည်သော ဂြိုလ်သား) အနေနဲ့ သရုပ်ဆောင်ဖို့ ပိုပိုပြီး လွယ်ကူလာတယ် သက်တောင့်သက်သာ ရှိလာတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ အများစုအတွက်တော့ အသက်အရွယ်ကြီးလာတယ် ဆိုတာ အင်မတန်ရင်ဆိုင်ဖို့ ခက်တဲ့ ကိစ္စတွေပါ။ Henry David Thoreau ကလည်း “လူတွေရဲ့ အပြင်းအထန် ထမ်းပိုးရမှုတွေဟာ အသက်အရွယ်ကြီိးလာတဲ့အခါမှာ စိတ်ဓါတ်ကျဆင်းမှုဆီကို ဦးတည်စေတယ်လို့ ဆိုပါတယ်။”
၅။ သူတို့ ရည်ရွယ်ချက် အမှန်အတိုင်းပြောတယ်၊ သူတို့ပြောတဲ့အတိုင်း လုပ်တယ်.
သူတို့တွေဟာ လိုအပ်တာထက်ပိုပြီးတော့ ပုံကြီးချဲ့ပြီးပြောလေ့မရှိဘူး ။ အမှန်တရားကိုလည်း စကားလုံးတွေနဲ့သကာရည်ဖုံးပြီး ကွေ့ဝိုက်လေ့မရှိဘူး ။ တကယ်လို့ ခင်ဗျားကို ဒီလို စကားတွေ ပြောဖို့ တကယ်လိုအပ်ပြီ ဆိုရင် သူတို့ အတွက်အင်မတန် ပြောရခက်ပြီိး ခင်ဗျားအတွက် အင်မတန် ခံရခက်စရာ ဖြစ်ပေမယ့်လို့၊ သူတို့ ပြောသင့်တာကို ပြောပါလိမ့်မယ်။
၆။ သူတို့အတွက် ရုပ်ဝတ္ထုပစ္စည်းတွေ သိပ်မလိုအပ်ပါဘူး
တကယ်လို့ ခင်ဗျားအနေနဲ့ ခင်ဗျားကိုယ်ခင်ဗျား တကယ်ကျေနပ်မှုရှိနေတယ်ဆိုရင် ခင်ဗျားရဲ့ ပျော်ရွင်မှုအတွက် ပြင်ပ ရုပ်ဝတ္ထု ပစ္စည်းတွေ အများကြီး လိုမှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကိုယ့်တိုင် တကယ်ကျေနပ်တဲ့သူဟာ ကိုယ့်ရဲ့ ပျော်ရွှင်မှု ဘယ်မှာ ရှာရမလဲ ဆိုတာ သိပါတယ်။ ကိုယ့်စိတ်ထဲမှာ၊ ကိုယ့် ချစ်တဲ့သူတွေဆီမှာ၊ ကိုယ့်ရဲ့ အလုပ်ထဲမှာ ဘယ်မှာမဆို တွေ့နိုင်ပါတယ်။ ဘာမှမဟုတ်တဲ့ ရိုးရိုးရှင်းရှင်း ကိစ္စလေးတွေမှာတောင်မှပဲ စိတ်ချမ်းသာမှု ရနိုင်ပါတယ်။
၇။ သူတို့ လွယ်လွယ်နဲ့ ထိခိုက်ခံစားမှု မဖြစ်တတ်ပါဘူး
သူတို့ဟာ သူတို့ရဲ့ အတ္တကို အရမ်းအလေးအနက်ထား ခံစားမနေတဲ့အတွက်၊ တခြားလူတစ်ဦးတစ်ယောက်ရဲ့ ထိခိုက်နစ်နာစေလိုရင်း မဟုတ်ဘဲ ပြောတဲ့ စကားတွေအပေါ် လွယ်လွယ်ကူကူ အထင်အမြင်လွဲမှားပြီိး ထိခိုက်ခံစားမှုမျိုး မဖြစ်တတ်ပါဘူး။

၈။ သူတို့တွေမှာ ရက်စက်မောက်မာတဲ့ စိတ်ထားမျိုးတွေမရှိဘူး.
သူတို့ဟာ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုအပေါ်မှာ ယုံကြည်ချက်ရှိတာကြောင့် သူတို့ရဲ့ကြိုးစားမှုတွေကို ကြွားဝါနေလေ့မရှိဘူး။ အဲဒီလိုပဲ သူတို့ဟာ လွှဲမှားမှုတွေကိုလဲ ထုတ်ဖော်ပြောလေ့မရှိဘူး။ နှိမ့်ချတတ်ခြင်းဆိုတာ ကောင်းမွန်တဲ့ အရည်အချင်းပါ ဒီအပြင် ဦိးတည်ချက် ပြတ်သားတဲ့အခါမှာတော့ ပိုတောင် ကောင်းပါသေးတယ်။

၉။ သူတို့ဟာ အပြောင်းအလဲ မများဘဲ၊ တည်ငြိမ်တယ်
စစ်မှန်စွာ နေထိုင်သူတွေကို ခင်ဗျား အနေနဲ့ ပုံဖေါ်ပြမယ်ဆိုရင် လေးနက်သူ၊ ပြည့်ဝသူ၊ ထိခိုက် မရသူ ဆိုတာမျိုး ပုံဖေါ်ပြလို့ရပါတယ်။ သူတို့ဟာ သူတို့ကိုယ်တိုင် ကောင်းကောင်းနားလည်ပြီး အရာရာတိုင်းကို ရှင်းလင်း၊ ရိုးသားတဲ့ စိတ်ခံစားချက်နဲ့ ရင်ဆိုင်လေ့ရှိတာမို့၊ သူကတော့ ကောင်းတာကိုပဲ လုပ်လိမ့်မယ်ဆိုတာမျိုး ကြိုတင် ခန့်မှန်းလို့ ရနေတတ်ပါတယ်။
၁၀။ သူတို့ပြောခဲ့တဲ့ အတိုင်းသူတို့ကိုယ်တိုင်လေ့ကျင့်တယ်.
သူတို့တွေဟာ သူတို့ကိုယ်တိုင်မလုပ်နိုင်တဲ့ အရာတွေကိုလုပ်ဖို့ အကြံပေးသူတွေ မဟုတ်ပါဘူး။ ပြီးတော့ လူတစ်ယောက်ဟာ တခြားဘယ်သူ့ ထက်ပိုသာတယ် ဆိုတာမျိုးမရှိဘူးဆိုတာ သူတို့ ကောင်းကောင်း သိထားတဲ့အတွက်၊ ငါပြောတာမှ အမှန်ဆိုတာမျိုး သူတို့ သဘာဝ အရလုပ်မှာ မဟုတ်ပါဘူး။
အခုပြောခဲ့တဲ့ နေထိုင်ကျင့်ကြံပုံတွေ အားလုံးဟာ တူညီတဲ့ အနှစ်သာရ တစ်ခုပေါ်မှာ အခြေခံပါတယ်။ အဲဒါကတော့ လက်တွေ့ကျကျ မိမိကိုယ်မိမိ သိခြင်းဆိုတာပါပဲ။ စစ်မှန်တဲ့ အရှိအတိုင်း နေထိုင်တတ်တဲ့ သူတွေဟာ ကျိုးကြောင်း ဆီလျော်ပြီိး လက်တွေ့ကျကျ လေ့လာတတ်တဲ့ တခြားလူတစ်ယောက်က သူတို့ကို မြင်မယ့် ပုံစံအတိုင်း သူတို့ကိုယ် သူတို့ ကြည့်တတ်ပါတယ်။ သူတို့ ခေါင်းထဲမှာ တွေးတဲ့ တကယ့် ရည်ရွယ်ချက်အတိုင်းပဲ နေထိုင်ပြောဆိုလေ့ရှိပြီး ဘယ်လိုလှည့်ကွက် သုံးလိုက်မယ် ဆိုတာတွေ၊ ဘယ်လိုပုံစံနဲ့ ပြောလိုက်မယ် ဆိုတာတွေ၊ လုပ်လေ့မရှိပါဘူး။
ခင်ဗျားအနေနဲ့ အဲဒီလိုလူမျိုးနဲ့ အသိမိတ်ဆွေ ဖြစ်လာရင် သူတို့ဟာ သူတို့ကိုယ် သူတို့ အစကတည်းက ခံယူထားတဲ့၊ သူတို့ကိုယ် သူတို့ ရှင်းပြထားတဲ့ ပုံစံအတိုင်း အနည်းနဲ့အများဆိုသလို တူညီတဲ့ မပြောင်းလဲ တဲ့ သူမျိုးဖြစ်တာတွေ့ပါလိမ့်မယ်။ စိတ်မကောင်းစရာကတော့ ဒီနေ့ခေတ် မှာ ဒီလို ကောင်းမွန်တဲ့ အရည်အသွေး ရှိတဲ့ သူတွေဟာ ပျောက်ကွယ်လုနီးနီး ဖြစ်နေပါပြီ။ ဒီလို အရည်အချင်းမျိုး ရှိတဲ့ သူတစ်ယောက် ရှာတွေ့ဖို့ ပိုပြီးခက်လာသလို၊ ကျွန်တော်တို့ ကိုယ်တိုင်လဲ ကိုယ့်ရဲ့ အရှိအတိုင်း အစစ်အမှန်အတိုင်း လက်တွေ့ကျင့်ကြံ နေထိုင်ဖို့ ပိုပိုပြီး ခက်လာတယ် မဟုတ်ပါလားဗျာ...
ref: http://www.entrepreneur.com/article/243859

ဘ၀တွက်တာ

ဘ၀တွက်တာ
(၁)မျှော်လင့်ချက်သာရှိပါစေ ဘ၀ဆိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပါပဲ ။
(၂)သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ ။
(၃)လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့ ဘ၀ရဲ့သီအိုရီမှာအသေးအဖွဲဆိုတာ မရှိပါဘူး။
(၄)ယုံကြည်မှုရှိမှအရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့သတ္တိရှိမှာပါ ။
(၅)မစဉ်းစားပဲလုပ်လိုက်တာမှန်သွားရင်တောင် အကြိမ်တစ်ရာမှာတစ်ခါလောက်ပဲဖြစ်မှာပါ ။
(၆)ဖန်ခွက်ထဲမှာရေတစ်စက်ရှိတာဟာ လုံးဝမရှိတာထက်စာရင်တော်ပါသေးတယ် ။
(၇)ကံတရားပါကွာလို့ပြောနေသရွေ့ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး ။
(၈)စေတနာသည် ကံတရား၏အရင်းအမြစ် ဖြစ်သည်။
(၉)သံသယပျောက်စေဖို့ အကောင်းဆုံးနည်လမ်ကတော့ လုံးဝယုံကြည်ဖို့ပဲ ။
(၁၀)ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့မင်းဟာလူမိုက်ပဲ ။
(၁၁)ကံကြမ္မာဆိုတာလူတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတောင်ပြောင်းလဲပစ်နိုင်တယ် ။
(၁၂)လိုအပ်တဲ့အခြေနေတွေအားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီးထိုင်စောင့်နေတဲ့သူဟာအလကားအချိန်ဖြုန်းနေတာပါပဲ။
(၁၃)လူတိုင်းဟာအမှားနဲ့မကင်းပေမဲ့ ခဏခဏတော့မမှားသင့်ဘူးလေ ။
(၁၄)ဘ၀ဆိုတာပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့ကျောင်းပါပဲ ။
(၁၅)ဒုက္ခအနီးတွင် သုခရှိ၏ ။
(၁၆)ဘ၀မြင့်သွားပေမဲ့ ဘ၀င်မမြင့်ပါစေနဲ့ ။
(၁၇)ရိုးသာမှုကိုထိခိုက်လာရင် မာနဆိုတဲ့လက်နက်ကိုထုတ်သုံးရလိမ့်မယ် ။
(၁၈)ဘ၀ဆိုတာ အစမ်းသဘောအဖြစ် နေထိုင်ခွင့်မရှိတဲ့ အရာပါ ။
(၁၉)ပျက်စီးခြင်းတွေထဲမှာဆုံးရှုံးမှုအများဆုံးကတော့ စိတ်ဓာတ်ပျက်စီးခြင်းပါပဲ ။
(၂၀)အချစ်တွက်နဲ့အသက်ပင်သေသေဆိုပြီးဂုဏ်ယူမနေကြပါနဲ့ အဲဒါမိုက်ရူးရဲဆန်တာပါပဲ ။
(၂၁)နားလည်မှုရှိနေသရွေ့ မေတ္တာတရားဆိုတာမွေးဖွားနေဦးမှာပဲ ။
(၂၂)ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အပြုံးဟာအခြေခံအကျဆုံးအရာပါပဲ ။
(၂၃)ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာအမြဲဒွန်တွဲနေလျှက်ပါ ။

အသက် ၃၀ မှာ သန်းကြွယ်သူဌေးဖြစ်အောင် ဘယ်လိုလုပ်မလဲ

အသက် ၃၀ မှာ သန်းကြွယ်သူဌေးဖြစ်အောင် ဘယ်လိုလုပ်မလဲ(Zawgyi)
*****
မချမ်းသာချင်တဲ့လူ ဒီလောကမှာ မ၇ှိသလောက်ပါ။ဒါပေမယ့် အသက် ၃၀ အတွင်းမှာ သန်းကြွယ်သူဌေးဖြစ်ရမယ် ဆိုတာကတော့ ယုံတမ်းစိတ်ကူးယဉ် ပုံပြင်တစ်ပုဒ်လို ဖြစ်နေမှာပါ။
အခု အမေရိကန်နိုင်ငံက စာရေးဆရာ၊ ဟောပြောသူ၊ သန်းကြွယ်သူဌေး ဂရန့်ကာဒွန်း Grant Cardone က ငယ်ငယ်၇ွယ်၇ွယ်နဲ့ သူဌေးဖြစ်နည်းကို ဖော်ပြထားတယ်။
တကယ်တော့ ဒါက ယုံတမ်းစကားမဖြစ်သင့်၊ တကယ် ဖြစ်လာနိုင်တဲ့ အိပ်မက်ပါပဲ။ သူဟာ အသက် ၂၁နှစ်မှာ ကောလိပ်က ထွက်ခဲ့ပါတယ်။ အကြွေးတွေလည်း တင်နေခဲ့ပါတယ်။ အခုတော့ သူ့အသက် ၃၀ ပြည့်ပြီးပါပြီ။ သန်းကြွယ်သူဌေးတစ်ဦးလည်း ဖြစ်နေပါပြီ။
ဒါက သူပြောတဲ့ အသက် ၃၀ အတွင်း သန်းကြွယ်သူဌေးဖြစ်လာစေမယ့် နည်း ၁၀ နည်းပါ။
၁။ ငွေနောက်ကို လိုက်ပါ
လက်ရှိစီးပွားရေးအခင်းအကျင်းနဲ့ သူဌေးတစ်ဦးဖြစ်လာနိုင်ဖို့က မလွယ်ပါဘူး။ ပထမဆုံး စတင်ခြေလှမ်းရမှာကတော့ လစာငွေကို တိုးပွားအောင်၊ တိုးသထက်တိုးပွားအောင် လုပ်ဖို့ပါ။ ကျွန်တော်ရဲ့ တစ်လဝင်ငွေက ဒေါ်လာ ၃,၀၀၀ ပဲရှိခဲ့ပါတယ်။ ကိုးနှစ်အကြာမှတော့ တစ်လကို ဒေါ်လာ ၂၀,၀၀၀ ဝင်ငွေရရှိလာပါပြီ။ ငွေစက္ကူတွေ နောက်ကို စတင်လိုက်ရမယ်။ ပြောရရင် ငွေရှာတာ စပြီးလုပ်ရမယ် ပေါ့။ နောက်မှ ဝင်တဲ့ငွေကို ထိန်းသိမ်းစီမံပြီး အခွင့်အလမ်းတွေကို ရှာဖွေရပါမယ်။
၂။ မကြွားမဝါဘဲနေပြီး အပိုမဖြုန်းပါနဲ့
ကျွန်တော်က ကျွန်တော့်ဝင်ငွေ စိတ်ချရအောင် မဖြစ်သေးမချင်း ကား ဒါမှမဟုတ် ဈေးကြီးနာရီ ဝယ်ယူတာမျိုးမလုပ်ဘူး။ ကျွန်တော် သန်းနဲ့ချီ ချမ်းသာလာချိန်ထိကို တိုယိုတာကမ်မရီ ကားကိုသာ ဆက်စီးနေခဲ့တာဖြစ်တယ်။ အလုပ်အပေါ်သာ တန်ဖိုးထားနေပါ။ ဝယ်တာခြမ်းတာတွေကို ဦးစား မပေးပါနဲ့။
၃။ စုရုံသာ မစုပါနဲ့ ရင်းနှီးမြှုပ်နှံပါ
ငွေစုတာရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက် က ရင်းနှီးမြှုပ်နှံဖို့ပါ။ သင့်အနေနဲ့ ပိုက်ဆံကို စိတ်ချနေရအောင် စုပါ။ ဘာကိစ္စအတွက်မှ စုထားတာကို ယူမသုံးမိပါစေနဲ့။ အရေးပေါ်အခြေအနေ တောင်မှပဲ ယူမသုံးပါနဲ့။ ဒီလိုလုပ်နိုင်ခြင်းဖြင့် ခင်ဗျားကို ဝင်ငွေတိုးပွားဖို့ လမ်းဆီ ဆက်လျှောက်ဖို့ အားတွေဖြစ် စေပါမယ်။ ဒီနေ့ ကျွန်တော် ပိုက်ဆံပြတ်တယ်ဆိုတာ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရဲ့ စုထားတဲ့ငွေနဲ့ ကျွန်တော် မတတ်ကျွမ်း အကျွမ်းမဝင်တဲ့ စွန့်ဦးစီးပွားရေးလုပ်ငန်းတွေမှာ အမြဲလို ဝင်ရောက်ရင်းနှီးမြှုပ်နှံနေလို့ပါ။
၎။ ပိုက်ဆံပြန်ဝင်စရာမရှိဘဲ အကြွေးမယူပါနဲ့
အကြွေးယူပြီး အမြတ်မထွက်ရင်
ကိုယ့်ကိုယ်ကိုယ် အကြွေး မယူဘူးလို့ စည်းကမ်းထားထားပါ။ ဒီအကြွေးကဘယ်တော့မှ သင့်ရဲ့ပိုက်ဆံမဟုတ်ပါ။ ကျွန်တော် ကားတစ်စီး ဝယ်ဖို့အတွက် ပိုက်ဆံချေးဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲသည်ကါးကြေါင့်ကျွန်တော့်ဝင်ငွေ တိုးပွားမယ်ဆိုတာ သိလို့ချေးခဲ့ တာပါ။ ချမ်းသာတဲ့သူတွေက အကြွေးယူကြတယ်ဆိုတာ ရင်းနှီးမြှုပ်နှံမှုကို ဆတိုးပွားအောင်၊ ငွေကြေးစီးဝင်မှု ပိုပွားအောင်ပါ။ ဆင်းရဲတဲ့သူတွေအတွက်ကတော့ တစ်ခုခုဝယ်ချင်လို့ အကြွေးယူကြတယ်။ ဒါကပဲ ချမ်းသာသူ တွေအတွက် ပိုချမ်းသာစေတော့တာပဲဖြစ်ပါတယ်။
၅။ ပိုက်ဆံကို သဝန်တိုချစ်သူတစ်ဦးအတိုင်း ဆက်ဆံပါ
ငွေကို စိတ်ကြိုက်သုံးနိုင်ဖို့ လူသန်းပေါင်းများစွာ က ဆန္ဒရှိတယ်။ ဒါပေမယ့် သုခချမ်းသာ ရပြီး ကြွယ်ကြွယ်ဝဝနေဖို့က သင့်အနေနဲ့ သုံးဖို့ထက် ငွေရှိနေဖို့ ဦးစားပေးရပါမယ်။ ငွေစက္ကူဆိုတာလည်း သဝန်တိုတတ် တဲ့ ချစ်သူလိုပါပဲ။ သင်က မသိကျိုးကျွန်ပြုကြည့်၊ သင့်ကိုလည်း မသိကျိုးကျွန် ပြန်ပြုလိမ့်မယ်။ ဒါမှမဟုတ် သင့်ကို ထားပြီး သူ့ကိုဦးစားပေးသူဆီသွားမှာဖြစ်ပါတယ်။
၆။ ငွေကို အိပ်မနေပါစေနဲ့
ငွေစက္ကူဆိုတာ အချိန်နာရီတွေ၊ အစီအစဉ်တွေ အားလပ်ရက်တွေ မသိပါ။ ပိုက်ဆံ က အလုပ်ကို တန်ဖိုးထားလုပ်တတ်သူတွေကို ချစ်တယ်။ ကျွန်တော် အသက် ၂၆ နှစ်မှာ လက်လီအရောင်းသမားတစ်ဦးဖြစ်ခဲ့တုန်းက ဆိုင်ကို ည ၇ နာရီလောက်မှ ပိတ်တယ်။ အချိန်များစွာကို အချိန်ပိုဆင်း ပြီး ဆိုင်ကို ည ၁၁ လောက်မှ ပိတ်ခဲ့တာ များပါတယ်။ ကံကောင်းစမတ်ကျတဲ့သူဖြစ်ဖို့ကို ဘယ်တော့မှ မကြိုး စားပါနဲ့။ အလုပ်နဲ့ လက်မပြတ်တဲ့သူပဲဖြစ်ပါစေ။
၇။ ဆင်းရဲတာက နုံချာစေပါတယ်
ကျွန်တော်က ဆင်းရဲသားတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် နုံချာပင်ပန်းခဲ့ရ တယ်။ ဒီလို နုံချာမှုတွေကို ဖယ်ရှားပစ်ပါ။ ဆင်းရဲမှုကနေ ရုန်းထွက်နိုင်ပြီး ဘယ်လိုအဆင်ပြေရမလဲဆိုတာ တွေးတောပါ။ ဘီလ်ဂိတ် Bill Gates က ပြောခဲ့ဖူးပါတယ်။ ‘သင် ဆင်းဆင်းရဲရဲ မွေးလာခဲ့တာက သင့်အပြစ် မဟုတ်ပါ။ ဒါပေမယ့် ဆင်းဆင်းရဲရဲနဲ့ ကွယ်လွန်သွားရတယ်ဆိုရင်တော့ ဒါက သင်ရဲ့ အပြစ်ပါပဲ’လို့ ပြောဖူးပါ တယ်။
၈။ အကြံဥာဏ်ကောင်းတွေ ရယူပါ
ကျွန်တော်တို့အများစုက အလယ်အလတ်တန်းတွေ ဒါမှမဟုတ် ဆင်းရဲသားအသိုင်းအဝန်းက ဖြစ်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် အကန့်အသတ်တွေရှိပြီး ဒီလူတန်းစားရဲ့ အယူအဆတွေသာ ရရှိနိုင် ပါတယ်။သန်းကြွယ်သူဌေးတွေ ကျွန်တော်ကတော့ ဘာတွေလုပ် ခဲ့ကြသလဲဆိုတာ သင်ယူလေ့လာခဲ့ပါတယ်။ သန်းကြွယ်သူဌေးတစ်ယောက်ကို လေ့လာပြီး သူ့ဆီက နည်းနာတွေကို ဆည်းပူးနေပါ။ သူဌေးအများစုက သူတို့ရဲ့ အသိဥာဏ်ဗဟုသုတနဲ့ နေထိုင်ရတဲ့ အသိုင်းအဝိုင်း အနေနဲ့တော့ တကယ်ကို ကြီးကျယ်တဲ့သူတွေပါပဲ။
၉။ အပြောင်းအလဲကြီးကြီးမားမားလုပ်ဖို့ ငွေကြေးရှိနေပါစေ
ရင်းနှီးမြှုပ်နှံမှုက သန်းကြွယ်သူဌေးဖြစ်ဖို့ လမ်း ပါပဲ။ သင့်အနေနဲ့ အလုပ်သိမ်းကျုံးလုပ်နေတာထက် ရင်းနှီးမြှုပ်နှံမှုကနေ ပိုမိုပိုက်ဆံဝင်အောင် ဖန်တီးရပါမယ်။ သင့်မှာ ငွေပိုငွေလျှံမရှိရင်တော့ သင့်အနေနဲ့ ရင်းနှီးမြှုပ်နှံနိုင်မှာ မဟုတ်ပါ။ ဒုတိယမြောက်ကုမ္ပဏီအတွက် ကျွန်တော်က ဒေါ်လာ ၅၀,၀၀၀ စရင်းနှီးမြှုပ်နှံဖို့ လိုအပ်ခဲ့ပါတယ်။ ဒီကုမ္ပဏီကနေပြီး ပြီးခဲ့တဲ့ ဆယ်နှစ်ကျော်မှာ တစ်လကို လစဉ်လတိုင်း ဒေါ်လာ ၅၀,၀၀၀ ပြန်ဝင်ပါတယ်။ ကျွန်တော်ရဲ့ တတိယရင်းနှီးမြှုပ်နှံမှုကတော့ အိမ်ခြံမြေလုပ်ငန်းမှာပါ။ အဲဒီအချိန်တုန်းက ကျွန်တော်မှာ အများဆုံးရှိတဲ့ ငွေကြေး ဒေါ်လာ ၃၅၀,၀၀၀ နဲ့ စတင်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ခုချိန်မှာ အဲ့ဒီလုပ်ငန်းကနေ အိမ်ယာမြေခြံတွေကျွန်တော်အတွက် လက်ထဲမှာ ပိုင်ဆိုင်ထားပြီဖြစ်သလို ဝင်ငွေလည်း ရရှိနေပါတယ်။ ရင်းနှီးမြှုပ်နှံမှုက နောက်ထပ်ခြေလှမ်းတွေအတွက်ပဲဖြစ် တယ်။ ဒီရင်းနှီးမြှုပ်နှံထားတဲ့ ပိုက်ဆံက သင့်အတွက်ပဲ အလုပ်လုပ်ပေးမှာဖြစ်ပြီး သင့်ကို ကြီးကြီးမားမားပြောင်း လဲစေမှာဖြစ်တယ်။
၁၀။ ဒေါ်လာ ၁၀ သန်းအထိ ပစ်မှတ်ထားပါ၊တစ်သန်းလောက်အတွက် မလုပ်ပါနဲ့။
အကြီးဆုံးတစ်ခုတည်း သောအမှားက ကိုယ့်ကိုယ်ကိုယ် ထင်သလောက်မဟုတ်ဘူးဆိုတဲ့ အတွေးပါပဲ။ ကျွန်တော်ကတော့ ခင်ဗျား တို့ကို အားပေးတယ်။ တစ်သန်းလောက်ထက်ပိုပြီး ရှာဖွေနိုင်စွမ်း၇ှိတယ်လို့ အားပေးတယ်။ ဒီကမ္ဘာမှာ ငွေကြေးပြတ် လပ်တဲ့ နေရာဆိုတာ မရှိပါဘူး။ လူတွေရဲ့ အတွေးတွေကသာ ကိုယ့်ကိုယ်ကို နှိမ့်ချနေပြီး ပြတ်လပ်ချို့တဲ့မှု ဖြစ်စေတာပါ။
ဒီ အဆင့် ၁၀ ချက်ကို လိုက်နာပြီး သန်းကြွယ်သူဌေးဖြစ်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အကြံပြုချင်တာက သူဌေးဖြစ်ဖို့ ပြင်းပြင်းပြပြဆန္ဒရှိပြီး သင့်ရဲ့ ကြွယ်ဝမှုကို အကောင်းဆုံး ပဲ့ကိုင်နိုင်ရပါမယ်။ ချမ်းသာမှုကို ဖျက်ဆီးမယ့် အစီအစဉ်တွေကို ရှောင်ကြဉ်ပါ။ ဘယ်တော့မှ မချိုးဖောက်ပါနဲ့။ ကျင့်ဝတ်စောင့်သိ ပါ။ တခြားသူတွေကိုလည်း ကူညီမယ်ဆိုတဲ့ စိတ်နှလုံးမျိုးကို မွေးမြူပါ။
စုပြည့်စုံ
ရည်ညွှန်း- Strategy First Journal နဲ့ http://www.entrepreneur.com/article/234454

လုပ်ငန်းတိုးတက် အောင်မြင် စေဖို့ online ကြော်ငြာ အသုံးပြုစို့။

လုပ်ငန်းတိုးတက် အောင်မြင် စေဖို့ online ကြော်ငြာ အသုံးပြုစို့။
လက်ကမ်း ကြော်ငြာ ဖြန့်ဝေခြင်း ၊ မဂ္ဂဇင်း ဂျာနယ် များတွင် ကြော်ငြာ ထည့်
သွင်းခြင်းတို့သည် အရေအတွက် ကန့်သတ်ချက်၊ နယ်မြေ ကန့်သတ်ချက် များ
ရှိပါသည်။ online ကြော်ငြာ များသည် အထက်ပါ ကန့်သတ်ချက် များမရှိပါ ။
တစ်နှစ် တာ ကြော်ငြာ စားရိတ် လည်း ပိုမို သက်သာ ပါသည် ။

Internet နည်းပညာ များကို အသုံးပြုပြီး online ကြော်ငြာ များကို
internet စာမျက်နှာ များပေါ်သို့ပိုမို ပြန့်နှံ့ ရောက်ရှိစေနိုင်ပါသည် ။
Search engine / surfing rotator များ၏ ရည်ရွယ်ချက်မှာ ရှာဖွေလိုသော
ခေါင်းစဉ် ၊ အကြောင်းအရာ ထည့်သွင်း ရုံဖြင့် သက်ဆိုင်ရာ online ကြော်ငြာ
website links များကို တွေ့ရှိနိုင် ပါသည် ။ ဤနည်းဖြင့် လူသိ နည်း သည့်
website ကို လူကြည့် များစေ လာနိုင်ပါသည် ။

သင်အောင်မြင်လာချိန်ရရှိမည့် အချက် ( ၅ ) ချက်.

သင်အောင်မြင်လာချိန်ရရှိမည့် အချက် ( ၅ ) ချက်..။
၁- မိမိရဲ့ ကိုယ်ကျင့်တရားပိုမို မြင့်မာလာပါမယ်..
၂- လူအများ၏လေးစားခြင်းကိုခံရပါမယ်...
၃- ငွေကြေး လွတ်မြေက်မှု့ကိုရရှိမည်...
၎- အချိန်လွတ်မြေက်မှု့ကိုရရှိမည်...
၅- လူ့လောကရဲ့ တာဝန်ကိုကျေပွန်စေမည်...။

သင့်ကို အောင်မြင်မှုတွေ နှင့် ဝေးကွာစေနိုင်သော အချက် ၇ ချက်

သင့်ကို အောင်မြင်မှုတွေ နှင့် ဝေးကွာစေနိုင်သော အချက် ၇ ချက်
၁။ ပျင်းရိခြင်း
ပျင်းရိခြင်းနဲ့  အနားယူခြင်းဆိုတာ ကွာပါတယ်။ အနားယူတယ်ဆိုတာက နောက်တစ်ခု ပြန်လည် စတင်ဖို့ အတွက် အားယူတာ။ ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည် ဖြည့်တင်းတာမျိုးပါ။ ပျင်းရိတယ်ဆိုတာကတော့ သင်ဘာမှ ပင်ပန်းမှု မရှိသေးခင်မှာကို အနားယူတတ်တဲ့ အကျင့်ပါပဲ။
သင်ပျင်းရိနေတဲ့ အချိန်မှာ အချိန်ကတော့ မပျင်းပါဘူး။ သူက သင့်ကို ကျော်ဖြတ်သွားမှာပါ။ ပျင်းရိသူတွေမှာ မနက်ဖြန် ဆိုတာ အမြဲ ရှိပါတယ်။ အောင်မြင်တဲံ သူတွေမှာတော့ ဒီနေ့ ဆိုတာ ကို ဦးစားပေးပါတယ်။
မနေ့ က ဆိုတာကို ပြန်လည် မရနိုင်သလို၊ မနက်ဖြန် ဆိုတာကလည်း သင့်လက်ထဲ မှာ မရှိသေးပါဘူး။ သင် လက်ရှိ ပိုင်ဆိုင်တာက ဒီနေ့ ပါပဲ။ ဒါပေမယ့် ဒီ သဘောတရားကို ပျင်းရိတဲ့ သူတွေက မေ့လျော့ နေတတ်ပါတယ်။
၂။ အဆိုးမြင်ခြင်း
လူတော်တော်များများက အဆိုးမြင်တတ်တဲ့ အကျင့်ကို တဖြည်းဖြည်း နဲ့ မွေးမြူလာတတ်ကြပါတယ်။ ကျွန်တော်လည်း ဒီလိုပါပဲ။ တစ်ခုခုဆိုယင် အကောင်းဘက် ထက် အဆိုးဘက်ကို ပိုပြီး တွေး မိပါတယ်။ ဒါပေမယ့် ကြာလာယင် ဒီအကျင့်က မကောင်းဘူးဆိုတာ သိလာပါတယ်။ အရာ အားလုံးကို အဆိုးမြင်နေယင် ဘယ်အရာမှ သင့်အတွက် အဆင်ပြေတာရှိတော့ မှာ မဟုတ်ပါဘူး။ အားလုံးကို အဆိုးမြင်လိုက်တဲ့အတွက် ကြိုးစားချင်စိတ်လည်း ပျောက်သွားနိုင်ပါတယ်။ အောင်မြင်မှုနဲ့ ဝေးသွားမှာပါ။
ဒါကြောင့် အကောင်းမြင် တတ်ဖို့ ဟာ အရမ်း အရေးကြီးပါတယ်။ လူတစ်ယောက်ကို အကောင်းမြင်တဲ့ စိတ်လေးနဲ့ ကြည့်လိုက်ယင် ကိုယ်တိုင် လည်း စိတ်ချမ်းသာပါတယ်။
၃။ ဆင်ခြေပေးတတ်ခြင်း
ဘင်ဂျမင် ဖရန့် ကလင်း က ဆိုထားပါတယ်။ ဆင်ခြေပေးရာမှာတော်တဲ့ လူတစ်ယောက်ဟာ ကျန်တဲ့ ဘယ်နေရာမှာမှ သုံးစားလို့ မရပါဘူး တဲ့။
အောင်မြင်မှု အတွက် အရေးပါတဲ့ သော့ချက်ဟာ တာဝန်ယူလို စိတ်ရှိခြင်းပါပဲ။ တာဝန်ယူစိတ်မဲ့ပြီး သူတစ်ပါးကို အပြစ်တင်လိုစိတ် ရှိတဲ့သူဟာ အောင်မြင်မှုနဲ့ ဝေးနေမှာပါ။
၎။ ရှူံးနိမ့်သူတွေနဲ့ ပေါင်းဖက်ခြင်း
လူတစ်ယောက်နဲ့ အချိန်တော်တော် ကြာအောင် ပေါင်းလိုက်ပါက သင်ကိုယ်တိုင်လည်း အဲ့ဒီ လူ ရဲ့  စရိုက်လက္ခဏာ အတိုင်း ပြောင်းလဲ သွားနိုင်ပါတယ်။ အကယ်လို့ များ သင်နဲ့ ပေါင်းနေတဲ့သူတွေကဟာ ပျင်းရိသူတွေ၊ ရှူံးနိမ့်မှုတွေ နဲ့ ပြည့်နေသူတွေ၊ ကြိုးစားမှု မရှိသူတွေ ဖြစ်နေပါက သင်ကို ကူးစက်နိုင်ပါတယ်။ တစ်ခါ တစ်ရံမှာတော့ ဒီ အကြောင်းရင်းကို အသိရှိရှိနဲ့ ရွေးချယ်တတ်ကြပါတယ်။ ဥပမာ ကျောင်းမှာ စာမလုပ်တဲ့ သူအချင်းချင်းပေါင်း မိပြီး စာမေးပွဲတူတူကျကြတယ်။ ဒါပေမယ့် သင်ရော သင့်သူငယ်ချင်းရော ကျတဲ့အတွက် ဘာမှ မခံစားလိုက်ရဘူး။ ပျော်ပျော်ပဲပေါ့။
အခြား တစ်ဘက်မှာတော့ အောင်မြင်တဲ့သူတွေ အချင်းချင်း ပေါင်းဖက် ကြတာကို သင်တွေ့ ရမှာပါ။
၅။ ရောင့်ရဲတတ်ခြင်း
ရှိတာနဲ့ ရောင့်ရဲ တတ်တာ ကောင်းတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အောင်မြင်မှု အတွက်တော့ မဟုတ်ပါဘူး။ မိမိ လက်ရှိ အခြေအနေမှာပဲ ရောင့်ရဲ တင်းတိမ်ပြီး အောင်မြင်မှုအတွက် မကြိုးစားတော့ဘူးဆိုလျှင်တော့ သင့်ဆီကို အောင်မြင်မှုက ရောက်ရှိလာတော့မှာ မဟုတ်ပါဘူး။
၆။ မျှော်လင့်ချက်၊ ရည်မှန်းချက်မထားခြင်း
လူဆိုတာ ရည်မှန်းချက်နဲ့ အသက်ရှင်နေတာပါ။ ရည်မှန်းချက်၊ မျှော်မှန်းချက်ထားလျှင် စိတ်ပင်ပန်း လူပင်ပန်းတတ်ပါတယ်။ ဒါပေမယ့် ဒါဟာ သင့်ကို အောင်မြင်မှု ဆီကို ဆွဲခေါ်နေတာပါ။
Zig Ziglar က ဆိုထားပါတယ်။ သင့်ဟာ အောင်မြင်ဖို့ မွေးဖွားလာတာပါ။ ဒါပေမယ့် အောင်မြင်သူဖြစ်ဖို့ အတွက် သင် မှာ အစီအစဉ် ရှိရမယ်၊ ပြင်ဆင်မှု ရှိရမယ်၊ မျှော်လင့်မှု ရှိရပါမယ် တဲ့။
၇။ လေ့လာမှု၊ သင်ယူမှု မရှိခြင်း
လေ့လာ၊ သင်ယူရတာ က ပင်ပန်းပါတယ်။ ဒါပေမယ့် အောင်မြင်မှုအတွက်တော့ လေ့လာ သင်ယူမှုတွေဟာ ဘ၀ တစ်လျှောက်လုပ်နေရမှာပါ။ အမြဲတမ်း လေ့လာ မသင်ယူနိုင်လျှင်တောင် စာတော့ ဖတ်ဖို့ လိုအပ်ပါတယ်။
ဒီ ၇ ချက်ကတော့ သင့်ကို အောင်မြင်မှု ပန်းတိုင်နဲ့ အဝေးကို ရောက်အောင် လုပ်ဆောင်နိုင်တဲ့ အချက်တွေပါ။ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ပြန်လည် သတိချပ် နိုင်ဖို့ ရာ ရေးသားလိုက်ပါတယ်။
ကိုဟိန်း (Prospect Myanmar)

အပေါင်းအသင်း မိတ်ဆွေကောင်း

အပေါင်းအသင်း မိတ်ဆွေကောင်း ဆိုတာ လိုက်ရှာလို့ ရတဲ့ အရာမျိုး မဟုတ်ပါဘူး
အပေါင်းအသင်း မိတ်ဆွေ ကောင်းတွေကို ဘယ်လို ရှာဖွေ ကြမလဲ..?
ကျွန်တော်ကတော့ ဒီလိုပဲ မြင်ပါတယ်။ မိဆွေ အပေါင်းအသင်းကောင်း ဆိုတာ လိုက်ရှာလို့ ရတဲ့ အရာမျိုး ဟုတ်မယ်လို့ မထင်ပါဘူး။ မိမိက သူတစ်ပါး အပေါ်ကို ကောင်းမှ သူ့တစ်ပါးက မိမိ အပေါ်ကို ကောင်းပါလိမ့်မယ်။
တစ်ခါတစ်ရံမှာလည်း မိမိကောင်းသော်လည်း မကောင်းတဲ့ သူမျိုးတွေ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်း ဖို့ကတော့ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဘယ်နေရာ ဘယ်ဒေသကို
ရောက်ရောက် သူများအပေါ်ကို ကောင်းလိုက်ပါ။ နောက်ထပ် တစ်ခုကတော့ အပေါင်းအသင်း မိတ်ဆွေကောင်းရပြီ ဆိုတာနဲ့ အလေးထားပါ။
မိတ်တွေ အပေါင်း အသင်းဆိုတာ လူတစ်ဦး တစ်ယောက်အတွက် အလွန်မှ အရေးကြီးပါတယ်။ တစ်ဦးတည်း တစ်ယောက်တည်းနဲ့ အောင်မြင်တဲ့ ဘဝတစ်ခု စိုပြည်သာယာတဲ့ ဘဝတစ်ခုကို ထူထောင်ဖို့ဆိုတာ အလွန်ပင် ခက်ခဲ ပါလိမ့်မယ်။
ကျော်လင်းနိုင် (ရိုးရာလေး)